loading

Boost လုပ်တယ်ဆိုတာဘာလဲ ❓

  • Home
  • Boost လုပ်တယ်ဆိုတာဘာလဲ ❓
blog-img
  • Mar 2024, 11:22 AM

Boost လုပ်တယ်ဆိုတာဘာလဲ ❓

လူသစ်တွေက Boost လုပ်တယ်ဆိုတာဘာလဲဆိုပြီး ခဏခဏ လာမေးကြတယ်။ အစကတော့ ရှင်းပြဖြစ်တယ်။ Facebook မှာ ဈေးရောင်းကောင်းအောင်ကူညီပေးတာ။ ဒေါ်လာတွေ သုံးပြီး ကြော်ငြာတာဘာညာပေါ့။ ကိုယ့်ကို ဘာအလုပ်လုပ်လည်းမေးရင်လည်း အဲ့လိုပဲ Digital Marketer or Media Buyer ဆိုပြီးဖြေဖြစ်တယ်။

 

တကယ်တော့ Boost လုပ်တယ်ဆိုတာ။ အချိန်ကို ငွေနဲ့ဝယ်တာပဲ။ Clash of Clan(COC) game ထဲမှာ Spell တွေမြန်မြန်ထုတ်ချင်ရင် ငွေပေးပြီး Boost လုပ်သလို။ ကျနော်တို့ ကုန်ပစ္စည်းတွေ မြန်မြန် ရောင်းချင်ရင်လည်း။ ငွေပေးပြီး Boost လုပ်ပြီးရောင်းလို့ရတယ်။ အဲ့တာကို Facebook မှာ Boost လုပ်တယ်လို့ခေါ်တယ်။ လူတွေများများမြင်အောင်ပြပေးတယ်။ ဝယ်နိုင်ချေရှိတဲ့လူတွေ ဆီကိုများများပြပေးတယ်။ အဲ့အလုပ်ကို Boosting လို့ခေါ်တယ်။

 

Boosting မှာ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ လုပ်လို့ရတာကို Objective သို့မဟုတ် Goal တွေလို့သတ်မှတ်ပြီး အဲ့လိုတွေ အရမ်းရှုပ်နေလို့သာ ကိုယ်တိုင် Boost မလုပ်နိုင်ဘဲ Agency တွေ Boost Service တွေအပ်ရတယ်။ 

 

ဒါပေမဲ့ အဓိကရည်ရွယ်ချက်ကတော့ အချိန်ကို ငွေနဲ့ဝယ်တာပဲ။ 
Page Like များများရချင်လား? အချိန်ကုန်ခံပြီး ပိုစ့်တွေ အများကြီးမတင်ချင်ရင် ပိုစ့်တစ်ခုထဲကို တင်ပြီး Page Promote Boost လုပ်လိုက်။ 
အဲ့လိုပဲ Post Like အများကြီးရချင်ရင်လည်း ပိုသ့်တင်ပြီး အဲ့ပိုစ့်ကို Boost လုပ်လိုက်။ 
Inquiries တွေ Message တွေများများဝင်ချင်ရင်လည်း Message Objective နဲ့ Boost လုပ်လိုက် ။ 
ဒီလိုမျိုး များများလိုချင်တာကို မြန်မြန်ရဖို့ ငွေပေးလိုက်တာကို Boost လုပ်တယ်လို့ခေါ်ပါတယ်။ 

 

Boost လုပ်တဲ့အခါ သတိထားရမဲ့အချက်က ဝယ်ချင်အောင်လုပ်ပေးတာမဟုတ်ဘဲ။ ဝယ်ချင်နေတဲ့သူတွေကို ပြပေးတာဖြစ်လို့ ကိုယ့်ရဲ့ ကုန်ပစ္စည်း သို့မဟုတ် ထုတ်ကုန်က ဝယ်ချင်လောက်တဲ့အနေအထား ဝယ်လိုအားရှိတဲ့ပစ္စည်းဖြစ်ရပါမယ်။ 
ဝယ်လိုအားမရှိတော့တဲ့ ပစ္စည်းကိုတော့ ဘယ်လောက် Boost လုပ်ပြီးရောင်းရောင်းရောင်းလို့ရမှာမဟုတ်ပါဘူး။ 
စာအရမ်းရှည်သွားလို့ နောက်နေ့တွေမှာ ဆက်တင်ပေးပါမယ်။

 

Boost Service အပ်ချင်တယ်ဆိုရင် Chat Box မှာ Boost Service လို့ ပို့လိုက်ပါ

 

#VertexMyanmar #BoostService