loading

စိတ်ဝင်စားဖို့ကောင်းသော အကနဲ့ ရှင်းလို့ရတဲ့ ကွန်မြူနီကေးရှင်း

  • Home
  • စိတ်ဝင်စားဖို့ကောင်းသော အကနဲ့ ရှင်းလို့ရတဲ့ ကွန်မြူနီကေးရှင်း
blog-img
  • Mar 2024, 12:24 PM

စိတ်ဝင်စားဖို့ကောင်းသော အကနဲ့ ရှင်းလို့ရတဲ့ ကွန်မြူနီကေးရှင်း

မနေ့က မားကတ်တင်းကွန်မြူနီကေးရှင်း (Marketing Communication) အကြောင်းကိုလေ့လာရင်း အကနဲ့ ရှင်းလို့ရတဲ့ ကွန်မြူနီကေးရှင်းတစ်ခုအကြောင်းဖတ်ရတယ်။ စိတ်ဝင်စားဖို့ကောင်းလို့ Vertex က Voss တို့ကို ရှဲပေးချင်တဲ့စိတ်နဲ့ ဒီ‌စာလေးရေးဖြစ်သွားပါတယ်။ 
 

အရင်ဆုံး မားကတ်တင်းနဲ့ သတ်ဆိုင်တဲ့ မားကတ်တင်း ကွန်မြူနီကေးရှင်း ဆိုတာဘာလဲ။
 

"Marketing Communication is the messages and media that marketers use to communicate with target markets."
 

ဈေးကွက်ထိုးဖောက်ဖို့ မားကတ်တာတွေ အသုံးပြုတဲ့ ဆက်သွယ်ရေးနည်းလမ်း လို့ဆိုပါတယ်။ ရောင်းဝယ်ဖောက်ကားဖို့ ဝယ်သူနဲ့ရောင်းသူကြား (သို့) ဝယ်သူနဲ့ကုန်ပစ္စည်းကြား အပြန်အလှန်နားလည်ဖို့ အသုံးပြုတဲ့ ဘာသာစကားဆိုရင်လည်းမမှားပါဘူး။ လူလူချင်းစကားပြောဖို့ ဘာသာစကားတစ်ခုနဲ့ ဆက်သွယ်ပြောဆိုရသလို ဝယ်သူနဲ့  ကုန်ပစ္စည်းကြား နားလည်မှုရဖို့ဆိုရင်လည်း ကြားခံတွေဖြစ်တဲ့ Message နဲ့ Media တွေနဲ့ ဆက်သွယ်လို့ရပါတယ်။ အခုကျနော်တို့အသုံးပြုနေတဲ့ နည်းလမ်းတွေဖြစ်တဲ့ Facebook ပေါ်က ပိုစ့်တွေ၊ လက်ကမ်းစာစောင်တွေ၊ Billboard တွေက မားကတ်တင်း ကွန်မြူနီကေးရှင်း နည်းလမ်းတွေပဲပေါ့။ 
 

ဒါတွေနဲ့မဆိုင်ဘဲ ကျွန်တော် ဖတ်မိတဲ့ အကနဲ့ ရှင်းလို့ရတဲ့ ကွန်မြူနီကေးရှင်းဆိုတာက ဟန်နီဘီးလို့ခေါ်တဲ့ ပျားကောင်လေးတွေရဲ့ ကွန်မြူနီကေးရှင်းနည်းလမ်းပါ။ သိပ္ပံပညာရှင်များရဲ့ လေ့လာတွေရှိချက်အရ ဟန်နီဘီးလို့ခေါ်တဲ့ ပျားကောင်လေးတွေဟာလည်း  လူတွေလိုပဲ အပြန်အလှန်စကားပြောသလို ဆက်သွယ်နိုင်ကြတယ်တဲ့။ သူတို့ဆက်သွယ်တဲ့နည်းလမ်းက ထူးဆန်းတယ် စကားပြောပြီး အသံနဲ့ဆက်သွယ်တာမဟုတ်ဘဲ အကနဲ့ ဆက်သွယ်တာတဲ့။ ပျားတစ်ကောင်ဟာ အစာရှာတွေပြီဆိုတာနဲ့ သူ့ရဲ့ပျားအုံကိုပြန်ပြီး အခြားပျားတွေကို ကပြပြီး သူ အစာရှာတွေ့တဲ့အကြောင်းကို ပြောပြတယ်တဲ့။ 
 

ထူးဆန်းတယ်နော် ကပြပြီး ဘယ်လိုနားလည်အောင် ဆက်သွယ်လည်းဆိုတာ ဆက်ဖတ်ကြည့်ရအောင်။ သိပ္ပံပညာရှင်တွေလေ့လာတွေ့ရှိသလောက် အက(၃)မျိုးရှိတယ်တဲ့။ 

1. Round dance 

2. Sickle dance 

3. Tail-wagging dance 

Round dance ဆိုတာ ပတ်ပတ်လည်အဝိုင်းလေးလုပ်ပြီးကပြတယ်။ Sickle dance ဆိုတာကတော့ တံစဉ်လိုကတယ်တဲ့။ မြင်သာအောင်ပြောရရင် Meta လိုဂိုလိုအဝိုင်းလေးကိုလိန်ပြီးကတာ။ နောက်ဆုံးကတော့ Tail-wagging dance ဆိုတဲ့ အမြှီးလှုပ်ပြီးကတဲ့အက ဆိုပြီး (၃)မျိုးရှိတယ်တဲ့။ ပျားမှာအမြှီးမရှိတော့ ဖင်လှုပ်တဲ့အကလို့ခေါ်မလား။ ထားပါတော့။ တခြားပျားတွေအနေနဲ့က သူဘယ်နှစ်ပတ်လှည့်သလဲဆိုတာကိုကြည့်ပြီး အစာနဲ့ ပျားအုံဘယ်လောက်ဝေးသလဲ‌ဆိုတာကို နားလည်ကြတယ်တဲ့။ နောက်ပြီး ဘယ်အရပ်မှာရှိတာကိုဆိုတာကျတော့ ကပြတဲ့ပျားနဲ့ နေရဲ့အရပ်မျက်နှာ ထောင့်ကိုကြည့်ပြီး နားလည်တယ်လို့ပြောပြထားပါတယ်။ 

 

ပျားတွေရဲ့ ကွန်မြူနီကေးရှင်းဟာ nonverbal communication လို့ခေါ်တဲ့ စကားမပြောတဲ့ဆက်သွယ်ရေးနည်းလမ်းပါ။ 

 

အဲ့ဒါကြောင့် Voss တို့လည်း စကားများများမပြောဘဲ ဈေးများများရောင်းချင်တယ်ဆိုရင် Nonverbal မားကတ်တင်းကွန်မြူနီကေးရှင်း နည်းလမ်းတွေအသုံးချလို့ရပါတယ်။ အဲ့တာတွေကတော့ Facebook, Twitter, Telegram, Viber နဲ့ TikTok စတဲ့ Social Media Channel တွေမှာ ပုံ၊ စာသား၊ ဗွီဒီယို စတဲ့ ကြားခံ Media တွေကိုအသုံးချပြီး ကိုယ့်ရဲ့ရောင်းကုန်နဲ့ ဝယ်သူတွေကြား ချိတ်ဆက် ဆက်သွယ်ပေးနိုင်တဲ့ နည်းလမ်းတွေပဲဖြစ်ပါတယ်။ 

 

Media Creation ပိုင်းမှာ အားနည်းလို့ ကိုယ်တိုင်မလုပ်ဆောင်နိုင်ဘူးဆိုရင်တော့ အထိရောက်ဆုံးနဲ့ ရောင်းအား အကောင်းဆုံးတွေ ရနိုင်အောင် ကျွန်တော်တို့ Vertex Team က Voss တို့အတွက် ကူညီဖို့အမြဲ အဆင်သင့်ရှိနေပါတယ်။ အသေးစိတ်သိချင်ရင်တော့ Vertex ရဲ့ ဖုန်းနံပါတ်တွေဖြစ်တဲ့ +959977782909 နဲ့ +959977782910 တို့ကို အချိန်မရွေးဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ 

 

#VertexSMM #vertexmyanmar #boostService